မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ပအိုဝ်းမှတ်ပုံတင်ရရှိရေး စီမံချက် ပြုလုပ်ရာ တောင်ရိုးလူမျိုးတွေ ပအိုဝ်းမှတ်ပုံတင် ပြုလုပ်ဖို့ လွယ်ကူခြင်း ၊ PNO ရဲ့ ဖိအားတွေ ခံရခြင်းနဲ့ ဈေးသက်သာခြင်းတို့ကြောင့် မှတ်ပုံတင်လုပ်ခဲ့ရာ မှတ်ပုံတင်စာရင်းအရ ပအိုဝ်းလူမျိုးတွေ လူဦးရေတိုးလာပြီး တောင်ရိုးလူမျိုးတွေကတော့ ရှမ်းပြည်နယ်မှာ လူဦးရေ ၅၀၀၀၀(ငါးသောင်း)မပြည့်တာကြောင့် တောင်ရိုးတိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်ခွင့်တောင် မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကာလမှာတော့ တောင်ရိုးလူငယ်တွေ ပါဝင်စုစည်းမိလာပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းကာ တောင်ရိုးလူမျိုးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူရမယ်လို့ အင်းလေး PDF က ဆိုပါတယ်။
နောင်ကာလတွေမှာလည်း ရှမ်း ၊ ပအိုဝ်း ၊ တောင်ရိုး လီဆူ၊ ကယန်း အမျိုးသားနေ့တွေကိူ အခုလို စည်းလုံးညီညာစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့ အဓိဌာန်ပြုရင်း (၁၆)ကြိမ်မြောက်” တောင်ရိုးအမျိုးသားနေ့” ကို ဂုဏ်ပြုကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဂျပန် ဖိုက်တာ တာခဲရူကို မြန်မာလက်ဝှေ့ကျော် သန့်ဇင် ရှုံးနိမ့်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတာ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဆီက သိရပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။