စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီလကနေ ၂၀၂၅၊ ဖေဖော်ဝါရီ ၂၈ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေကို AAPP က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လအတွင်း မှာပင် စစ်ကောင်စီကြောင့် အရပ်သား၁၀၆ ဦးသေဆုံးခဲ့ရပါတယ်။
၂၀၂၅၊ ဖေဖော်ဝါရီလ အတွင်းမှာပင် အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်တယ်လို့သိရပါတယ်။
သေဆုံးသူ အများစုဟာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မကွေးတိုင်းက ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းက ၂၆ ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။
ပုံစာ- ၂၀၂၅၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု။
0 Shares:
You May Also Like
Read More

စစ်တပ်မှ ဗိုလ်ချုပ်ကြီးတချို့ ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ပြောင်းလဲဝင်ရောက်လာ…

“အခုက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမာခံလူစာရင်း ဖြစ်လောက်တယ်။ နောက်ပိုင်းမှ ပါတီထဲမှာ ငုတ်တုတ်ထိုင်နေမယ့် လူမျိုးလောက်ကတော့ အခုချိန်လောက်မှာ မလွတ်သေးဘူးဗျ။ စစ်တပ်ထဲမှာပဲ သုံးနေဦးမှာ ပေါ့နော်။ နောက်မှ ထုံးစံအတိုင်း ပစ်ဖဲတွေကို ထည့်မှာပေါ့… ဒါကတော့ သူတို့ selection ရွှေးထုတ်ထားတဲ့ သူတွေလို့ ယူဆရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟု ဆို

ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။