အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရီတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီက ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဗြိတိန်နိုင်ငံအခြေစိုက် BROUK အဖွဲ့က ၂၀၁၉ ခုနှစ်နှာ အာဂျင်တီးနားနိုင်ငံတရားရုံးသို့ တိုင်ကြားချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တရားရုံးရဲ့ ဖမ်းဝရမ်းမှာ အမှုဖြစ်ပွားချိန်က အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ၂ ယောက်ဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို အဓိကတာဝန်ရှိသူတွေအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့ကို မြန်မာစစ်တပ်ရဲ့ စနစ်တကျ ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေဆိုပြီး သတ်မှတ်စွဲဆိုခြင်းဟာ အဓိကတာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှုကို မှေးမှိန်သွားစေတာကြောင့် တရားမျှတမှု ဖော်ထုတ်ရေးအတွက် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ NLD က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ပါဝင်ပတ်သက်မှု သက်သေအခိုင်အလုံမရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်မယ့်စာရင်းမှာ မထည့်သွင်းဖို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အမှုတိုင်ကြားသူ BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးမှာ လျှောက်ထားခဲ့တာကို ကြားသိရတဲ့အတွက် အသိအမှတ်ပြုကြောင်းလည်း NLD ပါတီက ထုတ်ပြန်ပါတယ်။

အာဂျင်တီးနားတရားရုံးအနေနဲ့ BROUK အဖွဲ့ရဲ့ အဆိုပါလျှောက်ထားချက်ကို လျစ်လျူရှုခဲ့ပြီး မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရ စစ်တပ်ရဲ့ ရပ်တည်မှုပုံသဏ္ဍာန်ကို လေ့လာထည့်သွင်းမစဥ်းစားဘဲ ဖမ်းဝရမ်းထုတ်တာက ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု ရှာဖွေပေးရမယ့် တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ အဂတိအစွဲကင်းမှုအပေါ် ထိခိုက် အားနည်းစေနိုင်တယ်လို့လည်း NLD ပါတီက ထောက်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့ လူမျိုး ပြုန်းတီးစေမှုဆိုင်ရာကွန်ဗန်းရှင်းကို အခြေခံတဲ့အမှုမှာတော့ ၂၀၁၉ ခုနှစ်က ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အရပ်သားအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာစစ်တပ်က အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိမနေကြောင်း ပြောကြားခဲ့ပါသေးတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာရယူထားတာကို ကြည့်ရင် စစ်တပ်ဟာ အရပ်သားအစိုးရ အောက်မှာ မရှိသည်ကို တွေ့ရှိရမှာဖြစ်တယ်လို့လည်း NLD က ဆိုပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြွး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ အကျဥ်းကျခံတိုက်ပွဲဝင်ခဲ့သလို အခုလည်းအချုပ်နှောင်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်းထုတ်ထားတာဟာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေတယ်လို့လည်း NLD ပါတီက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ထားတာကို အာဂျင်တီးနားတရားရုံး အနေနဲ့ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းမေတ္တာရပ်ခံသလို NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့ကို ဖမ်းဝရမ်းထုတ်ထားမှုမှဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ – Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့်  တင့်ကားများပါသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်မှာ တင့်ကားတွေအသုံးပြုပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားတွေ  မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း People's Democratic Army-PDA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။