မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်၊ နေ့လယ်ပိုင်းက မြင်းခြံမြို့၊ အမှတ် (၁၈) ရပ်ကွက်မှာရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေရဲ့ အထိုင်ဂိတ်စခန်းကို MBT တပ်ဖွဲ့ဝင်​တွေက အနီးကပ်ဝင်ရောက် ပစ််ခတ်ခဲ့တာလို့ သိရပါတယ်။

“အဲ့ဂိတ်က စခတင်မကဘူး။ ပျူတွေပါရှိတယ်။ အင်အား အယောက် ၂၀လောက်တော့ ရှိပါတယ်။ အနီးကပ် ဝင်ပစ်တာအပြင် ၄၀မမနဲ့လည်း ပစ်တယ်။ စနိုက်ပါနဲ့လည်းပစ်တယ်။ ကျည်၆လုံးဆက်တိုက်ပစ်လို့ရတဲ့ လားလားနဲ့လည်း ပစ်ခဲ့ပါတယ်။”  လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ယောက်နေရာတင် ထိခိုက်သေဆုံးခဲ့ကြောင်းနဲ့ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

မြင်းခြံခရိုင်၊ အမှတ်(၉) တပ်ရင်းဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ အခြေခံစစ်ပညာ အပတ်စဥ်(၁၆) သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီးဖြစ်သလို မြင်းခြံ၊ ပုပ္ပါး၊ ဝမ်းတွင်းနဲ့ ရေစကြိုမြို့နယ်တွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ဆောင်နေကြောင်းသိရပါတယ်။

MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်
MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။