စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းပိုင်း၊ စစ်ကိုင်းမြို့အဝင်ဆိုင်းဘုတ်အနီး လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီလ ၂၇ရက်၊ ဒီနေ့မှာပြုလုပ်တဲ့ စစ်ကိုင်း ဆွမ်းဦးပုညရှင်စေတီတော် ထီးတော်တင်ပွဲကို တက်ရောက်မယ့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ကားတန်းနဲ့ ကြေးနီတင်ကားတွေအတွက် လုံခြုံရေးယူပေးနေတာလို့လည်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

“စစ်ကိုင်း ဆွမ်းဦးပုညရှင် ဘုရားထီးတင်ပွဲရှိတယ်။ ဘုရားထီးတင်တာက ဒီနေ့(၂၇)ပါ။ ဝန်ကြီးချုပ်က မနေ့ကတည်းက ရောက်နေတာပေါ့။ အဲ့ဒါ ဝန်ကြီး ကားတန်းအတွက် လုံခြုံရေးယူပေးနေတဲ့ကောင်တွေကို ရှောင်တခင်ဝင်ပစ်ခဲ့တာပါ။  ၅ ယောက်ရှိတာ ၄ယောက်က နေရာတင်သေတယ်။ ကျန်၁ယောက်က  ထွက်ပြေးသွားတယ်။ အဲ့နောက်တော့ စစ်ကူတွေရောက်လာတာရော လက်နက်ကြီးပစ်ကူတွေရှိလာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့လိုက်ပါတယ်။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထုတ်ပြန်ချက်

လက်ရှိမှာ စစ်ကောင်စီက စစ်ကိုင်းမြို့ အတွင်းအပြင် လမ်းပိုင်းတစ်လျှောက်မှာ လုံခြုံရေးယူထားပြီး လူငယ်တွေကိုလည်း စစ်မှုထမ်းပေါ်တာဆွဲအတွက် ဖမ်းဆီးစစ်ဆေးတာတွေ ဆိုးဆိုးဝါဝါးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးအနားကျေးရွာတွေကိုပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တာကြောင့် ညောင်ပစ်စဥ်ရွာနေ  အသက်(၅၅)နှစ်အရွယ် အမျိုးသား၁ယောက်နဲ့ မြင်းမွှေးရွာနေ အသက် (၆၅) နှစ်အရွယ် အမျိုးသမီး ၁ယောက်လည်း  ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

” အခုချိန်က ကျနော်တို့ စစ်ကိုင်းဘက်တွေမှာလေကြောင်းကို သိပ်ပြီး ဂရုစိုက်ဖို့ မလိုသေးပေမယ့် လက်နက်ကြီးရန်ကိုတော့ အတော်လေး ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စခတွေဘက်ကနေ လက်နက်ကြီးနဲ့ပစ်တဲ့အခါမျိုးမှာကွင်းပြင်ကြီးတွေမှာ ပြေးလွှားမနေကြဘဲ၊ လုံခြုံတဲ့နေရာ၊  အကာအကွယ်ကောင်းတဲ့ နေရာ၊ အကာအကွယ်ကောင်းတဲ့ အပင်တွေမှာကွယ်ပြီး ဝပ်နေကြဖို့။ စစ်ရေးသတိရှိကြဖို့ ပြောချင်ပါတယ်။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ပုံစာ – အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မတ္တရာအရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

"စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ" လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ရိုးမအခြေဘက် စစ်ကြောင်းထိုးသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦး သေပြီး၊ ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ရိုးမအခြေဘက် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ

စစ်တွေမြိုသိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်တွေမြို့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။