အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ – အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။

အခြေခံကျန်းမာရေး ကောင်းမွန်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ် မှန်ကန်စွာ သစ္စာစောင့်သိကာ စစ်သည်တော်ကျင့်ဝတ်ကို လေးစားလိုက်နိုင်သူ၊ 

ရာဇဝတ်မှုကင်းရှင်းတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း TRI ဗျူဟာမှာ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ၊ အခြေခံအချက်အလက်တွေနဲ့ ကိုက်ညီရင် တပ်သားသစ် လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

TRI ဗျူဟာအနေနဲ့ လွတ်လပ်တရားမျှတတဲ့၊ အမှန်တရားကို ချစ်မြတ်နိုးပြီး လူသားချင်းစာနာမှုကို အလေးထားတဲ့၊ စစ်စည်းကမ်းသေဝပ်မှုနဲ့အတူ ပြည်သူ့ဆန္ဒနဲ့ အကျိုးကို ကာကွယ်နိုင်တဲ့ တပ်မတော်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ် အဆုံးသတ်ချေမှုန်းကာ အဂတိလုံးဝကင်းစင်ပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ TRI ဗျူဟာက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။