ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်မဟာမှူး ဆလိုင်းနိုင်ဂျွန်ကိမ်းက အမှာစကားပြောကြားပြီး တော်လှန်ရေးကာလ လေးနှစ်အတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့ပြီး အောက်ချင်းတပ်ရင်းက တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၇ ယောက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူ ၁၆ ယောက် ရှိတယ်လို့ သိရပါတယ်။

ညီလာခံအတွင်း ရဲဘော်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဘောလုံးပွဲပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲနဲ့ ကြက်တောင်ရိုက်ပြိုင်ပွဲတို့ ပြုလုပ်ခဲ့ပြီး အနိုင်ရတဲ့ ပြိုင်ပွဲဝင်အသင်းတွေကို တာဝန်ရှိသူတွေ ဆုပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ အနေနဲ့ မိမိရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ်ပျက်သုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

ရန်ကုန်-ပြည်လမ်းပိုင်း စစ်တပ်စခန်းများနှင့် စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
Read More

“အရေးတော်ပုံ” ဆိုသည့် စကားလုံးသုံးနှုန်း မဲဆွယ်မှုကြောင့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ "တော်လှန်ရေး"၊ "အရေးတော်ပုံ" စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပအဖ မှ ဒေသခံတောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မိုးစပါး ရာသီမှာ ဒီပဲယင်း မြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာ စိုက်ခင်းတွေမှာ ဖြစ်ပွားတဲ့ ပိုးမွှား ရောဂါပြသနာတွေကို စိုက်ကွင်းထဲအထိ သွားရောက် ဖြေရှင်း ပညာပေးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။