တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓည၀တီရေတပ်စခန်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတချို့စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညပိုင်းမှာ  AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တဆက်တည်းမှာပဲ  အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းတွေကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တွေမြို့အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး စစ်တွေမြို့နဲ့ ၁၀မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ AA ဟာ ပြည်နယ်မြို့တော်စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်ကျွန်းတို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

၂၀၂၅ နှစ်စပိုင်းမှာ စစ်တွေအနီးကို AA က ရောက်ရှိထိုးစစ်ဆင်နေတာဟာ ၂လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ကျောက်ဖြူမြို့ကိုတော့ အခုလ ဖေဖော်ဝါရီအတွင်းမှာ စတင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ ရဲဘော်များ၏ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

အသက်မပြည့်သေးသူများကို စစ်မှုမထမ်းခိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တားမြစ်မိန့် ထုတ်ပြန်…

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။