စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။

သင်တန်းဆင်းရဲဘော်တွေဟာ ပြည်သူ့ဝန်ဆောင်မှုပေးစွမ်းနိုင်တဲ့၊ ပြည်သူ့ရှေ့ရှုတဲ့ လုံခြုံရေးတပ်ဖွဲ့ အဖြစ် ဘုံရန်သူကို အမြစ်မြတ်ချေမှုန်သွားမယ်လို့ ကတိသစ္စာပြုပါကြောင်း ထုတ်ပြန်ထားပါ တယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။
Read More

ကျည်ဆန်လိုအပ်ချက်နှင့် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များရဲ့ ရုပ်သံဖိုင် YARMA BRIGADE ထုတ်ပြန် (ရုပ်/သံ)

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၅ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ဝန်းသိုမှ ကောလင်းသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး အရှင်ဖမ်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စခန်းတိုက်ပွဲသို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။