စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ SNA တပ်ဖွဲ့ဝင် ၉ ယောက်က ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ချိတ်ဆက်ကာ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသော SNA တပ်ဖွဲ့ဝင် ၉ ယောက်ဟာ G-3 သေနတ် ၃ လက်၊ AK ဒင်ခေါက် ၁ လက်၊ AK ၁ လက်၊ ကီးချန်း ၁ လက်၊ G-3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် တို့ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံစေခဲ့တယ်လို့ ဟုမ္မလင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပေးခဲ့သလို အခြားတော်လှန်အင်အားစုတွေကလည်း အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို လာရောက်တွေ့ဆုံကာ စိတ်ဓာတ်ခွန်အားပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့က ဦးဆောင်ပြီး အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို ဂုဏ်ပြုငွေ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် ၁၊ ၂ ၊ ၃ တပ်ရင်းက ခေါင်းဆောင်တွေ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နဲ့အတူ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

SNA ရဲဘော်တွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဟုမ္မလင်းမြို့နယ် ပကဖ ကို ဆက်သွယ်နိုင်ပြီး SNA ရဲဘော်တွေကို လှိုက်လှဲစွာ ကြိုဆိုနေတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ…

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနား

ကျောင်းသားလက်ရုံးတပ်တော် - SAF က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို အောက်တ်ိုဘာလ ၁၆ ရက်‌ ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲက အကြမ်းဖက်စစ်သား ၃ယောက် ဒေသခံဆိုင်ကယ်တွေကို လုယူပြီး လက်နက်နဲ့အတူ ဧရာဝတီတိုင်းဘက် ထွက်ပြေး

အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကို ကူညီမယ့် ကျားပေါက်ရဲ့ပန်းချီကား USD 10,000 နဲ့ လေလံအောင်မြင်

ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD 10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။