မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

နေ့တစ်ဝက်နီးပါး ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ကျဆုံးခဲ့ရတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ကတည်းက မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာကနေ မြောက်ပြင်ရွာ ဘုန်းကြီးကျောင်းဆီ လာရောက်တပ်စွဲနေတဲ့တပ်မ ၈၈၊ ကပစ ၁၂ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ဝေဟင်ကနေ ဒရုန်းနဲ့ ၆၀မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ပြီးတဲ့နောက် စစ်အုပ်စုတပ်စွဲရာ ဘုန်းကြီးကျောင်းဝန်းထဲအထိ မြေပြင်ကနေ ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ထုတ်ပြန်သည့် တိုက်ပွဲပုံရိပ်များ
သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ထုတ်ပြန်သည့် တိုက်ပွဲပုံရိပ်များ
သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ထုတ်ပြန်သည့် တိုက်ပွဲပုံရိပ်များ

“မြေပြင်ကနေ တိုက်ခိုက်တဲ့အခါမှာ တိုက်ပွဲကပြင်းထန်ခဲ့တယ်။ ဘုန်းကြီးကျောင်း အဆောက်အဦးက နှစ်ထပ်အုတ်ကာဆိုတော့ အထဲကနေ ကျနော်တို့ကို ကြံ့ကြံ့ခံခုခံခဲ့တယ်။ သူတို့ဘက်က ၄၀မမ ဗုံးသီးတွေ၊ စနိုက်ဘာတွေအပြင် မင်းတုန်းမြို့အဝင် ပုသိမ်-မုံရွာလမ်းပေါ် ဂိတ်တွေကနေပါ လက်နက်ကြီးပစ်ကူရင်း ကျနော်တို့ကို ခုခံတယ်ပေါ့။ ကျနော်တို့ကလည်း ရှိတဲ့အင်အားနဲ့ ကျောင်းဝင်းထဲအထိ ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်ပေါ့။” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းတာဝန်ရှိသူ ကိုမြတ်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် တိုက်ပွဲရှိရာဆီ ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀ ဗုံး ၁လုံးကြဲချရင်း စက်လက်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ PDF အမှတ်-၁ စစ်ဒေသလက်အောက်က သရက်ခရိုင် အမှတ်၄တပ်ရင်း ဒရုန်းတပ်စိတ်နဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းစစ်ဆင်ရေးပူးပေါင်းလုပ်ဆောင်ခဲ့သလို သရက်ခရိုင်အမှတ် – ၄ တပ်ရင်းရဲ့ တပ်ခွဲ (၁)နဲ့ တပ်ခွဲ (၂) ရဲဘော်တွေကမြေပြင်ထိုးစစ်ဆင်မှု လု​ပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ဒဏ်ရာအပြင်းထန်နဲ့ သေဆုံးပြီး ကျန်ရဲဘော် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ကိုမြတ်က ပြောပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ထုတ်ပြန်သည့် တိုက်ပွဲပုံရိပ်များ

” သူတို့ပြန်ဆုတ်သွားလို့ ဘုန်းကြီးကျောင်းဝန်းထဲ ကျနော်တို့ နယ်မြေရှင်းလင်းရေး ဝင်လုပ်တဲ့အခါမှာ သူတို့​ရဲ့သွေးကွက်တွေ၊ ဒဏ်ရာရတာကို ဆေးကုသခဲ့တဲ့ ခြေရာလက်ရာတွေ တွေ့ရပါတယ်။ တိုက်ပွဲထဲ ရဲဘော်တွေရဲ့ မျက်မြင်တွေ့တာတွေလည်း ရှိတယ်။ဒါကြောင့် သူတို့ဘက်က ထိခိုက်မှုများနိုင်ပါတယ်။” လို့ ကိုမြတ်က ဆိုပါတယ်။

အထက်ပါ အကြမ်းဖက်စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား သက်ကြီးရွယ်အို ၁ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်း မွေးမြူထားတဲ့နွားတွေလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ​တော့ မင်းတုန်းမြို့ (၅)မိုင်ဂိတ်အနီးကနေ (၁၂၀)မမ လက်နက်ကြီးအချက် (၃၀)ခန့် ပစ်ကူပေးရင်း စစ်အုပ်စုတွေဟာ မြောက်ပြင်ကျေးရွာကနေ မင်းတုန်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

UWSA သည် ထိုင်းသို့ဝင်ရောက်လာသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ဟု သက်ဆင်ပြောဆိုချက် “ဝ” ငြင်းဆို၊ စစ်ကောင်စီ ဘာမှမလုပ်လျှင် ထိုင်းဝင်ရောက်ကိုင်တွယ်သင့်ဟု သက်စင်ဆို

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်သူနှင့် ဖမ်းမိသူ စစ်ကော်မရှင်တပ်သား ၂၂၀၀ ကျော် ရှိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန် စတုတ္ထပတ်အထိ စစ်ကော်မရှင်တပ်ကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂၂၄၆ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထော်သာရွာ (ပျူ) စခန်းအား သိမ်းပိုက်မှု ၁၉၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိ၊ လက်နက်ငယ်မျိုးစုံ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် အခြေချနေထိုင်တဲ့ ထော်သာရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။