စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People’s Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁၄)ရက် ညနေပိုင်းက ကလေးမြို့နယ်တောင်ပိုင်းမှာ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ “People’s Healthcare Network (Kalay)” ရဲ့ “Medical Centre (4) – PHN (Kalay)” ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းကလည်း အဆိုပါ ဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နေချိန် အခုလို ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ကာ အရပ်သားပြည်သူ (၃) ယောက် သေဆုံး၊ (၃) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးနေတာတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း “PHN-Kalay” က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဆေးဝါးကုသမှုပေးနေတဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီ ဗျူဟာ(၂၉) ၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ တိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

စစ်တပ်နှင့် လက်တွဲညီသူကိုသာ မဲထည့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှက်မရွံ့ မဲဆွယ်

ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။