ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀နာရီခွဲဝန်းကျင်အချိန်မှာ စစ်ကောင်စီက စက်တပ်လေထီးတွေကို အသုံးပြုကာ အိုင်စောက်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“လေယာဉ်နဲ့လည်း မဟုတ်ဘူး လက်နက်ကြီးလည်း မဟုတ်ပါဘူး စက်တပ်လေထီးတွေနဲ့ လာကြဲသွားတာပါ… ပြည် ဒကစ ၇၅ ကနေ စက်တပ်လေထီး ၃ စီးနဲ့ တက်လာပြီး အားလုံးပေါင်း ၇ လုံး ကြဲတာမှာ အိုင်စောက်ကျေးရွာကိုက ၂လုံး ကျသွားတာပါ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် အိုင်စောက်ကျေးရွာက ဒေါ်စန်းရီ (အသက် ၅၀နှစ်) သေဆုံးခဲ့ပြီး ဒေါ်စန်းရီရဲ့ သားဖြစ်သူ ဦးအောင်မျိုးဝင်း (ခ) ဖိုးပြား (အသက် ၃၈နှစ်) ဆိုသူမှာ  ဘယ်ဘက်လက် ဗုံးစထိမှန်ဒဏ်ရာရကာ မြေးဖြစ်သူ မရွှန်းလဲ့ဝေ (အသက် ၁၂နှစ်) လည်း ညာလက်မောင်းကနေ အစထိပြီး နောက်ကျောထိ ထုတ်ချင်းပေါက်ထွက် ဒဏ်ရာရရှိသွားကာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ 

အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပဲခူးတိုင်းအနောက်ခြမ်းဘက်မှာ ပထမဆုံးဖြစ်ပြီး အိုင်စောက်ကျေးရွာအနီးနားမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ‌တွေ လတ်တလော ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှု ကင်းဖို့လိုကြောင်း တရုတ်အကူအညီဖြင့် လားရှိုးမှာ ပြန်လည်တပ်စွဲထားသည့် မင်းအောင်လှိုင် ပြော၊ ယခု နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဟု ဆို

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုမရှိဖို့နဲ့ ပြည်တွင်းအဖျက်အမှောင့် ပယောဂတွေ ကင်းစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ တရုတ်အကူအညီနဲ့ လားရှိုးမှာ ပြန်လည်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
Read More

ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ABSDF အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။