ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာသယ်လာတဲ့ စစ်ယာဉ်တွေကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်မှာပါတဲ့ စစ်သား ၉ ယောက်လုံးသေခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။

ရိက္ခာနဲ့ လက်နက်တွေ သယ်လာတဲ့ စစ်ယာဉ် ၂ စီးကို ပြည်-ပေါင်းတလည်ကြား တောင်ဆင်ဝဂွေအနီးမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ရှိ ဆီပေပါတွေ မီးလောင်ကာ ၄၀ မမ ဗုံးသီး၊ လက်ပစ်ဗုံးနဲ့ ကျည်တွေ မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် ကျည်ဆံတချို့နဲ့ လက်ပစ်ဗုံး ၁ လုံးသာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့ အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက ယခုလို ဖော်ပြခဲ့တာပါ။ ၎င်းကိုယ်တိုင်လည်း ခြေတစ်ဖက်မသန်တော့ဘဲ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ် အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
Read More

မှန်ချိုကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပူးပေါင်းဖို့ သတိပေးခဲ့ပေမယ့် ဆက်သွယ်လာခြင်းမရှိတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစခန်းမှာရှိတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမယ့် ဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောင်နန်းခဲကျေးရွာရှိ စစ်တပ်လက်အောက်ခံ PNA တပ်သားများကို ဗုံးသီးကြဲချ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဇွန်လ ၂၈ ရက်မှာ Pekhon Sky Predators Drone Force က သတင်းထုတ်ပြန်ထားပါတယ်။