ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က ရှမ်း – မန်းစစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် – ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော်ခိုင်စိုးမင်းနဲ့ ရဲဘော် အောင်မျိုးဦးတို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ဆိုပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ အနေနဲ့လည်း ကျဆုံးရဲဘော် ၂ ယောက်ကို ဦးညွတ်ဂုဏ်ပြုသလို ကျဆုံးရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကို အစဉ်အောက်မေ့သတိရကာ ပြည်သူ့ တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွား၊ စစ်အုပ်စုက ၈ ဦးသေပြီး အများအ​ပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။