ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ​လက်အောက်ခံတပ်တွေကိုလည်း အပြီးသတ် ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီး အမတ ၃၆၆ ကိုပါ မနေ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စကခ ၂၁ တပ်ရင်းဌာနချုပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဟာ နှစ်လခွဲကျော်အတွင်းမှာတော့ စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)၊ တင့်ကားတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊  ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နဲ့ ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်တွေ ကျန်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် တိုက်လေယာဉ်၊ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြု ခုခံနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဘိုကလေးမြို့နယ်က အုပ်ချုပ်ရေးမှူးတချို့ စစ်မှုထမ်းဥပဒေအကြောင်းပြကာ အမျိုးသားတစ်ယောက်ကို ၃၉၀၀၀ ကျပ်နှုန်းနဲ့ ငွေတောင်းယူနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကာကုန်း၊ ဘိုးကုန်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာနေပြည်သူတွေဆီက စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက်ဆိုပြီး ငွေကြေးကောက်ခံမှုတွေလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုအလိုက် လူအရေအတွက်နဲ့ ကောက်ခံနေကြတာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ကို ၃၉၀၀၀ ကျပ် အတင်းအဓမ္မကောက်ခံနေကြောင်း သိရပါတယ်။
Read More

သာပေါင်းမှာ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစည်းရုံးရေး လုပ်ခိုင်းနေ၊ တရုတ်နဲ့ ရုရှား အကူအညီတွေ လာတော့မယ်၊ မကြောက်နဲ့ လို့လည်း စည်းရုံးပြောဆိုသွား

ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။