မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာရိက္ခာရှာထွက်လာတဲ့ ဝက်လူးနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ယောက် နေရာတင်ပွဲချင်းပြီးသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ကိုစိုးအောင်က မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက် မနေ့က မနက်အစောပိုင်းမှာ မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀တို့ဟာ ဝက်လူးကျေးရွာထဲအထိ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးကာ G3 သေနတ်၂လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ဝက်လူးရွာ ရဲစခန်းနဲ့ မီတာ ၂၀၀အကွာလောက်ထိ ဝင်ပစ်တာပါ။ ၃ယောက်လောက်​ နေရာတင် ပွဲချင်းပြီးသေပြီး အလက်၂လက် ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဝက်လူးစခန်းက စခတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပါတယ်။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး။” လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ကိုစိုးအောင်က မောင်းကို ပြောပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်

နွားထိုးကြီးမြို့နယ်ဟာ အခုလိုမျိုး စစ်ကောင်စီထောက်တိုင်တွေကို ဖြိုခွင်းရာမှာ လက်သံပြောင်တာကြောင့် ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့ဆိုသလို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်တာတွေ မကြာခဏလုပ်​ဆောင်လေ့ရှိကြောင်း၊ လုပ်ဆောင်နိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကို သတိပေးပြောကြားထားပါသေးတယ်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းနယ်မြေမှာလည်း ရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ရဲတွေပစ်ခတ်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်၊ မနေ့က မနက်အစောပိုင်းမှာပဲ ပုဂံရဲစခန်းကနေ ဆိုင်ကယ်စီးနင်းလာတဲ့ ရဲတွေကို သေနတ်နဲ့ပစ်ခတ်သွားတာလို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ သတင်းတွေမှာတော့ တရားရုံးထုတ်သွားရောက်မယ့် ရဲတွေကို အလိုတော်ပြည့်ဘုရားအနီးမှာ ဟွန်ဒါဖစ်ကားပေါ်ကနေ သေနတ်တွေနဲ့ အချက်၂၀နီးပါး အနီးကပ်ပစ်ခတ်သွားတယ်လို့ ဖော်ပြကြပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ဖြစ်သူနဲ့ ရဲတပ်သား၁ယောက်တို့ နေရာမှာတင် သေနတ်ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ လက်နက်ပစ္စည်းတွေကိုလည်း သေနတ်သမားတွေက သိမ်းဆည်းသွားကြောင်းသိရပါတယ်။

0 Shares:
You May Also Like
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation သတင်းထုတ်ပြန်၊ လုံလောက်တဲ့ ဆေးကုသပေးမှုရှိမရှိ မသိရ

ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်မှာ ဖြစ်ပွားခဲ့တဲ့ အင်အား (၇.၇) အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းထောင်အဆောက်အအုံ ပျက်စီးခဲ့မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့တယ်လို့ Suu Foundation က ဇွန်လ ၁၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။