စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local – PDF) အဖွဲ့ထံက သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ စစ်ဆေးရေးဂိတ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်တဲ့ စစ်သား ၂ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Snipe Rangers Force (Local – PDF)၊ PGC နဲ့ ရပ်ကျေး ပ.က.ဖ တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်လာတဲ့ စစ် ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို လက်နက်ကြီးထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို KIA ၊ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့တယ်ဆိုပြီး ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲဆိုတာကိုတော့ မြေပြင်အခြေအနေအရ မသိရှိရသေးပါဘူး။
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မြောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။