စစ်တွေမြိုသိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်တွေမြို့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကနေ ၉ ရက်အထိ အာရက္ခတပ်တော် (AA) က စစ်တွေမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ကြည်းတပ်နဲ့ ရေတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက တိုက်ခိုက်ရေးသင်္ဘော ၄ စီး ထပ်မံပို့ဆောင်ခဲ့ကာ အင်အားဖြည့်တင်းထားခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ AA တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရတာပါ။

“စစ်တွေက Navy Point ဘက်ကို လက်နက်ကြီးနဲ့ ၂ ချက်ပစ်ထားတာရှိတယ်၊ မြို့ထဲမှာတော့ ပုံမှန်ပါပဲ၊ အခုက ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ အနေအထားကို မရောက်သေးဘူး၊ လက်နက်ချဖို့ ရာဇသံပေးနေတဲ့ အနေအထားပါ၊ တဖက်နဲ့ တဖက် အကဲစမ်းပြီးတော့ လက်နက်ကြီး ပစ်နေတဲ့ အနေအထားပါ“ လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်တွေမြို့ဟာ မြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိဘဲ စစ်တွေနဲ့ အမြင့်ကျွန်းကြားက ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာသာ စစ်ကောင်စီတပ်တွေ ရှိတာကြောင့် စစ်တွေတိုက်ပွဲဟာ မြို့ကို အထိအခိုက်နည်းမယ့် တိုက်ပွဲဖြစ်နိုင်ပြီး AA တပ်ဖွဲ့တွေဟာ စစ်တွေမြို့ကို ဖိဖိစီးစီးတိုက်ခိုက်နိုင်ခဲ့ရင် စစ်ကောင်စီရဲ့ ခံစစ်ကြောင်းဟာ အချ်န်တိုအတွင်း ပြိုဆင်းသွားနိုင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်  မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် အမ်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တော စတဲ့ မြို့တွေကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ စစ်တွေ၊ ကျောက်ဖြူနဲ့၊ မာန်အောင်မြို စတဲ့သုံးမြို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်တဲ့အတွက်၊ အခုရက်ပိုင်းအတွင်း စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေး စစ်ရေးအရှိန်မြှင့်တင်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။