အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လျှောက်ထားချင်တဲ့ တပ်သားသစ်တွေ အနေနဲ့ ကျန်းမာ‌ရေး အထူးကောင်းမွန်ပြီး အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း ရှိရမှာ ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဆောင်ရွက်နိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်သားသစ်တွေဟာ အမိန့်နာခံတတ်ပြီး တော်လှန်ရေး ပြီးဆုံးတဲ့အထိ ပေးအပ်ထားတဲ့ တာဝန်တိုင်းကို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ရမယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ဆိုပါတယ်။

ရန်ကုန်တိုင်းစစ်ဌာန၏ တပ်သားသစ်ခေါ်ယူခြင်း ကြေညာချက်

ပြည်သူတွေနဲ့ တော်လှန်ရေးအပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံ စွန့်စားဝံ့သူ ဖြစ်ဖို့ လိုသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးဦးက အာမခံ ပေးနိုင်တဲ့ တပ်သားသစ်တွေကို ဦးစားပေး ရွေးချယ်မယ်လို့ သိရပါတယ်။

အဆိုပါ အချက်တွေကို ကိုက်ညီပြီး ဝင်ရောက်ချင်တဲ့ တပ်သားသစ်တွေအနေနဲ့ https://docs.google.com/…/1FAIpQLSchvbfQi0a…/viewform… မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လျှောက်ထားတဲ့ တပ်သားသစ်တွေကို စိစစ်ပြီး ရွေးချယ်ခြင်း ခံရသူတွေကို Email : ymcoffice2024@gmail.com, Telegram : +16467129303 (username – @ymcoffice2024) စတဲ့ အကောင့်တွေက တဆင့် ပြန်လည် ဆက်သွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

ဖားအံကနေ ကော့ကရိတ်ကို တက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဖားအံဘက်ကနေ ကော့ကရိတ်မြို့နယ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၅ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လမှ ယခုချိန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီ ကြံ့ခိုင်ရေးရုံး လက်ပစ်ဗုံးပစ်ခတ်ခံရပြီး လုံခြုံရေးယူပေးနေသည့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်မှုမှာ လုံခြုံရေးယူပေးနေတဲ့ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ထားကြောင်း လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။