စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ စစ်ကိုင်းတိုင်းမုံရွာနဲ့ ကလေးက ကျေးရွာတွေမှာ စစ်ကောင်စီက ဆိုးဆိုးရွားရွားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်  ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရတဲ့ အစီရင်ခံစာတစ်ရပ်ကို NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် မုံရွာနဲ့ ကလေးမှာ  ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ စစ်ရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံတွေဟာ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နတ်ချောင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် (ဓာတ်ပုံ CJ)

စစ်ကောင်စီဟာ သုံးရက်တာကာလအတွင်း ကလေးနဲ့ မုံရွာက ကျေးရွာတွေမှာ ဗုံးအလုံးရေ စုစုပေါင်း ၂၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး မုံရွာက ညောင်ဖြူပင်ရွာနဲ့ သစ်ဆိမ့်ရွာကို ဗုံးအလုံးရေ ၄၈ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အလားတူ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ဗုံးအလုံးရေ ၉၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အထက်ပါတိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ ၁၅ဦးသေဆုံးကာ ၂၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများအပြင် အရပ်သားပစ်မှတ်တွေကို စက်တပ်လေထီးနဲ့ဗုံးကြဲချတိုက်ခိုက်မှုများ၊ ဟောင်ဝှစ်ဇာလို လက်နက်ကြီးများနဲ့ပစ်ခတ်မှုများ ဒရုန်းနဲ့တိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ 

အရပ်သားပြည်သူတွေအပေါ် လေကြောင်းကတိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှုများကို ရပ်တန့်နိုင်ဖို့ စစ်ကောင်စီထံ  လေယာဉ်ဆီအပါအဝင်၊ နည်းပညာအထောက်အကူပစ္စည်းများ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းနေခြင်းများကို ရပ်တန့်ပိတ်ဆို့ပေးဖို့  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများကို NUG က အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့ပေါ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးဟု ဆို

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ပေါ်မှာ  အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း Pyay UnderGround News -PUGN က ဖော်ပြပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။