ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဘုရားသုံးဆူနဲ့ ဆက်သွယ်ထားတဲ့ ကန်ချနဘူရီ နယ်စပ်ဂိတ်မှာ ဆောင်ရွက်နေရာကနေ ထားဝယ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း Thai PBS World သတင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ပါဝင်တဲ့ ပြည်နယ် နယ်ခြားကွပ်ကဲမှုစင်တာကနေ ယခုတပတ်ထဲ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ကန်ချနဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး Athisan Intra က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေရာသစ်ဟာ ကနဦးပိုင်းမှာ နယ်စပ်ဖြတ်ကျော် ကုန်သည်တွေကိုသာ ဝန်ဆောင်မှုပေးမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ လက်ရှိဆောင်ရွက်နေတဲ့ လမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း မပြီးမချင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုကို ဆိုင်းငံ့ထားမယ်လို့လည်း သူက ဆိုပါတယ်။

ကန်ချနဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး Athisan Intra က သတင်းထောက်တွေကို ပြောကြားနေစဉ် (ဓာတ်ပုံ ThaiPBS)

တချိန်တည်းမှာပဲ အမှတ်(၁) စစ်ဒေသမှူး Amarit Boonsuya က မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ မူးယစ်ဆေးတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို တားဆီးဖို့ လိုအပ်တာကြောင့် ဘုရားသုံးဆူနယ်စပ်ဂိတ်က နယ်စပ်ကုန်သွယ်ရေးကို ဖြတ်တောက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်ဒေသမှူးတို့ဟာ Ban Pu Nam Ron က စစ်ဆေးရေးဂိတ်ကို သွားရောက်စစ်ဆေးခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကတဆင့် ဒေသတွင်းမြှင့်တင်ရေးဟာ ထိုင်းအစိုးရရဲ့ ပြည်သူ့လုံခြုံရေး မူဝါဒနဲ့အပြိုင် လုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။

ဘုရားသုံးဆူမြို့ဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းအစိုးရရဲ့ လျှပ်စစ်နဲ့ လောင်စာတွေ တင်ပို့မှု ဖြတ်တောက်ခံထားရပြီး ငွေလိမ်ဂိုဏ်းတွေထက် ဒေသခံပြည်သူတွေအပေါ် သက်ရောက်မှုက ပိုမိုဆိုးရွားနေတာလည်း ဖြစ်ပါတယ်။

မူရင်းသတင်း – Thailand-Myanmar border trade switched to new location

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ 
Read More

ထိုင်းနိုင်ငံမှာ မြန်မာပြည်ထွက်စားသောက်ကုန်များ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖန်ငမှာ မြန်မာပြည်ထွက်စားသောက်ကုန်တွေ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးရာ ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနဲ့ ဈေးရောင်းဝန်ထမ်း မြန်မာအမျိုးသမီး ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။