ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဘွက်တူးကုန်းကျေးရွာက အသက် ၂၀ ကျော်အရွယ် မောင်အောင်ကိုကိုဟာ တစ်ရွာတည်းနေထိုင်တဲ့ ဖိုးပြည့်ဆိုသူနဲ့ ရန်ဖြစ်စကားများပြီးနောက်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

စကားများရန်ဖြစ်တာကို အုပ်ချုပ်ရေးမှူးဖြစ်သူက သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းမကြားဘဲ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့် အဲဒီနေ့ ညနေမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး ဖိုးပြည့်ဆိုသူကတော့ အုပ်ချုပ်ရေးမှူးနဲ့ ဆွေမျိုးတော်စပ်သူဖြစ်တာကြောင့် အောင်ကိုကို တဦးတည်းသာ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဆွေမျိုးနှင့် ရန်ဖြစ်ရာမှ စစ်မှုထမ်း ခေါ်ဆောင်ခံရသည့် မောင်အောင်ကိုကို

“အောင်ကိုကို ကို အရမ်းဆိုးတယ်လို့ အုပ်ကြီးကပြောပြီး စခတွေကိုဖမ်းခိုင်းတာ။ အိမ်က ဘယ်လိုလုပ် ထုတ်နိုင်မလဲဗျာ။ ကောင်လေးလုပ်စာနဲ့ စားနေရတာ။ အဖွားနဲ့ အမေကို လုပ်ကိုင်ကျွေးနေတာ၊ မြို့ထဲက ဆန်စက်မှာ အလုပ်လုပ်တာ” လို့ မောင်အောင်ကိုကိုရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

အဲဒီလို ဖမ်းခေါ်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ အုပ်ချုပ်ရေးမှူးဖြစ်သူက မောင်အောင်ကိုကိုရဲ့ အိမ်ကို သွားရောက်ကာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေကို လိမ်လည်တောင်းယူသွားတယ်လို့ ဆိုပါတယ်။

မောင်အောင်ကိုကိုဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်မုဆိုးမဖြစ်သူနဲ့ အသက် ၈၀ ကျော် အဖွားဖြစ်သူကို စောင့်ရှောက်နေသူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) နှင့် ခလရ (၄၃၂)တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်မဲ့ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။