ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေး နယ်မြေ ၂ ရဲ့ ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တို့ လုပ်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်း ၇ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစစ်ကောင်စီရဲမှူး အပါအဝင် သေဆုံးသူ ၁၀ယောက် ၊ ထိခိုက်ဒဏ်ရာရသူ ၄ယောက်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

” ဗျူဟာအလိုက် စစ်ဆင်ရေးတွေကို နယ်မြေအလိုက်ခွဲခြားပြီး တပြိုင်နက်တည်း ဝင်တိုက်ခဲ့တာပါ။ ဗျူဟာ ၃ခုနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်တပ်ကာကင်းဂိတ်စခန်းတွေကိုစစ်ဆင်ရေးတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ အနေနဲ့လည်း ပဲနွယ်ကုန်းမြို့နယ်၊ နရွဲဲပင်ကျေးရွာက စစ်တပ်ဂိတ်စခန်းကိုဝင်တိုက်ခဲ့ပါတယ်။ ” လို့ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဗျူဟာ ၂၄ရဲ့ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အဝင် သံလမ်းဂုံးပေါ်က  ကာကင်းဂိတ်စခန်းနဲ့  ပဲနွယ်ကုန်းမြို့အဝင် ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ကာကင်းဂိတ်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်ရင်း မီးရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ယောက်သေကာ ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာအတွင်း တပ်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကိုလည်း PDF ၇၈၀၃ တပ်ရင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နဲ့ ၆၀၀ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာအတွင်း တပ်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကိုလည်း PDF ၇၈၀၃ တပ်ရင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နဲ့ ၆၀၀၂ ဧရာဝတီ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမှူးအပါအဝင်  သေဆုံးသူ ၂ယောက်ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့ပါတယ်။

ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့တွေရဲ့ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်က နရွဲပင်ရွာ အထိုင်စစ်တပ် ကင်းစခန်းကို  စီးနင်းသိမ်းပိုက်မှုမှာတော့ စစ်သား၅ယောက်သေဆုံးပြီး G3 ၂လက်၊ MA1 ၁လက်၊ ခမောက် (၃)လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးက တောရကျောင်း ရန်သူ့ စခန်းကိုလည်း PDF တပ်ရင်း(၃၇၀၂)နဲ့ အတူ KNLA တပ်ရင်း(၉) ပူးပေါင်းအဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ တပ်သား၁ယောက် သေဆုံးပြီး ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၁၀လုံး ၊ MA. 11 ၂ လက် ၊ ကျည်ဘောက် ၄ ခု ၊ ရှေ့ထွက်မိုင်းအသေး ၂လုံး ၊ ၁၄ နင်းမိုင်း ၂ခု ၊ လက်ပစ်ဗုံး ၆ လုံးနဲ့ MA ကျည် ၁၀၀တို့ကို တော်လှန်ရေးတပ်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

ဗျူဟာ ၂၆ ဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နဲ့ ထိန်တပင်ရွာကြား၊ ရန်ကုန်- မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ကာကင်းဂိတ်စခန်းကိုလည်း PDF တပ်ရင်း (၉၉၁၃) တော်ဝင်ဒေါင်းတပ်ရင်းက စီးနင်းတိုက်ခိုက်ရင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှာအတွင်း စစ်ကောင်စီဘက်ကထိခိုက် သေဆုံးမှုတွေ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းကနေ စစ်ဦးထုပ်(၂)လုံး၊ ကျည်ကာအင်္ကျီ (၄) ထည်ကို သိမ်းဆည်း ရရှိခဲ့ပါတယ်။

စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်က ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း(PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃၊ ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂) ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉ နဲ့ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။၂ ဧရာဝတီ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမှူးအပါအဝင်  သေဆုံးသူ ၂ယောက်ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့ပါတယ်။

ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့တွေရဲ့ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်က နရွဲပင်ရွာ အထိုင်စစ်တပ် ကင်းစခန်းကို  စီးနင်းသိမ်းပိုက်မှုမှာတော့ စစ်သား၅ယောက်သေဆုံးပြီး G3 ၂လက်၊ MA1 ၁လက်၊ ခမောက် (၃)လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးက တောရကျောင်း ရန်သူ့ စခန်းကိုလည်း PDF တပ်ရင်း(၃၇၀၂)နဲ့ အတူ KNLA တပ်ရင်း(၉) ပူးပေါင်းအဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ တပ်သား၁ယောက် သေဆုံးပြီး ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၁၀လုံး ၊ MA. 11 ၂ လက် ၊ ကျည်ဘောက် ၄ ခု ၊ ရှေ့ထွက်မိုင်းအသေး ၂လုံး ၊ ၁၄ နင်းမိုင်း ၂ခု ၊ လက်ပစ်ဗုံး ၆ လုံးနဲ့ MA ကျည် ၁၀၀တို့ကို တော်လှန်ရေးတပ်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

ဗျူဟာ ၂၆ ဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နဲ့ ထိန်တပင်ရွာကြား၊ ရန်ကုန်- မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ကာကင်းဂိတ်စခန်းကိုလည်း PDF တပ်ရင်း (၉၉၁၃) တော်ဝင်ဒေါင်းတပ်ရင်းက စီးနင်းတိုက်ခိုက်ရင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှာအတွင်း စစ်ကောင်စီဘက်ကထိခိုက် သေဆုံးမှုတွေ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းကနေ စစ်ဦးထုပ်(၂)လုံး၊ ကျည်ကာအင်္ကျီ (၄) ထည်ကို သိမ်းဆည်း ရရှိခဲ့ပါတယ်။

စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်က ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း(PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃၊ ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂) ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉ နဲ့ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အထူးကွန်မန်ဒို တပ်ရင်း၊ P29914 က  ဖော်ပြထားသည့် စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် လက်နက်ပုံရိပ်တချို့ (ဓာတ်ပုံ အထူးကွန်မန်ဒို တပ်ရင်း၊ P29914)

0 Shares:
You May Also Like
Read More

“မကွေးဆီသို့ ကမ်ပိန်း” မှ ထောက်ပို့သည့် ကာကွယ်ရေးပစ္စည်းများ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ရောက်ရှိ

မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “မကွေးဆီသို့ ကမ်ပိန်း” ကနေ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေ မြေပြင်ရဲဘော်တွေထံ ရောက်ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူက မွေးဖွားလာသည့် PDF များ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် ပဲ့ပြင်ထိန်းကျောင်းနိုင်ရန် တိုင်တန်းကြဖို့ MDY-PDF ပြည်သူကို ပန်ကြား…

ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။
Read More

KK Park ကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ထိုင်းကတဆင့် နေရပ်ပြန်

ပြီးခဲ့တဲ့လက KK Park စီးနင်းမှုအပြီးမှာ ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က နိုဝင်ဘာ ၇ ရက် သောကြာနေ့မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကြာသပတေးနေ့က အထူးလေယာဉ်နှစ်စီးနဲ့ ပြန်ခေါ်ခဲ့ကြောင်း၊ လာမဲ့ရက်တွေထဲ နောက်ထပ်ပြန်လာမဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။