ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် အောင်သူရနဲ့ စစ်သား ၁ ယောက် နေရာမှာပဲသေဆုံးပြီး ဒရုန်းနဲ့ ဗုံးသီး ၃ ကြိမ် ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဖြူးမြို့နယ် ပကဖ က ဒုတပ်စိပ်မှူး ရဲဘော် နေမင်းလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

လိုင်ဇာအနီး စစ်တပ် အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စျေးသည် ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် စျေးတန်းလျားကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အမျိုးသား၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက် ညနက်ပိုင်းက လိုင်ဇာမြို့ စျေးထဲကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးက ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသားကတော့ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာရှိ ဈေးဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ အင်အားအများအပြားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ပြည်နယ်ခန်းမကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော် မြို့သို့ ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။