ပဲခူးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ရုံရှိရာ ပန်းတောင်းမြို့နယ်က ပုဂံကွဲရွာ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ပုဂံကွဲတပ်စခန်းဟာ AA သိမ်းပိုက်ထားတဲ့ မိုးထိတောင်စခန်းနဲ့ စစ်ကောင်စီတပ် ခံစစ်အခိုင်အမာပြင်ဆင်ထားတဲ့ ညောင်ကျိုးကျေးရွာ စစ်တပ်စခန်းကြားမှာ တည်ရှိတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ပုဂံကွဲစခန်း မကျဆုံးရေး အင်အားရာနဲ့ချီ ခံစစ်အခိုင်အမာနဲ့ ခုခံခဲ့ပြီး လေကြောင်းပစ်ကူတွေပါ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို မယှဥ်နိုင်ခဲ့တာဖြစ်ပါတယ်။

AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးစခန်းနဲ့ ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလဆန်းကစလို့ တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ပုဂံကွဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ တောင်ကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ညောင်းလေးပင်တွင် အကြမ်းဖက်စစ်ဗိုလ်များနှင့်ပေါင်းပြီး ဆက်ကြေးကောက်နေသည့် ရာအိမ်မှူးဟောင်း ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ရာအိမ်မှူးဟောင်း ပျူစောထီး၁ယောက်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်ချိန် ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ လုပ်ဆောင်ခဲ့တဲ့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

ဟန်ပြနုတ်ထွက်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ဟန်ပြနုတ်ထွက်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ယောက် နေအိမ်အတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရသူများကို MNDAA သူရဲကောင်းဘွဲ့ချီးမြှင့်… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။