မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ ကမ္မရဲစခန်းကို တော်လှန်ရေးရဲဘော်တွေက ဒရုန်း ၄ စီး အသုံးပြုပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့ပေမယ့် နယ်မြေအခြေအနေအရ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle Drone Force၊ ABSDF စစ်ကြောင်း ၃ Drone အဖွဲ့ နဲ့ King Fighter Drone Forge တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ‌ မောင်းနှင်နေတဲ့ စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းရုံး သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ ကျီစုရွာတွင် စစ်ရှောင်များရှိတဲ့ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။