စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။

ဒါ့အပြင် စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်းတွေဟာ ညဘက်မှာပါ ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်တဲ့အထိ အဆင့်မြင့်လာကြောင်းလည်း သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ထိုးစစ်ဆင်နေတဲ့ KIA တပ်တွေကို စစ်တပ်က ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေဘက်မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ သူရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းကုမ္ပဏီတွေကို သွားရောက်ခဲ့ပြီးတဲ့နောက်မှာပဲ တိုက်ပွဲတွေမှာ အခုလို ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။

အခုလို စစ်တပ်က သုံးနေတဲ့ ဒရုန်းတွေမှာ အပူပုံရိပ်ဖော် ကင်မရာတွေ တပ်ဆင်ထားတာကြောင့် ဒရုန်းအန္တရာယ်ကနေ ကာကွယ်ဖို့ မလွယ်ကူဘူးလို့ စစ်လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

“စစ်တပ်က ဗန်းမော်မှာသုံးနေတာက ညကြည့်မှန်ပြောင်း night vision ဆိုတာထက် အပူပုံရိပ်ဖော်ကင်မရာ infrared camera တပ်ဆင်ထားတဲ့ ဒရုန်းမျိုးပါ။ ပုံမှန်သုံးနေကျ ဒရုန်းမျိုးပဲ။ ဒါ‌ပေမယ့် ကင်မရာကို ပြောင်းလဲ တပ်ဆင်ထားတာမျိုးပါ။ တိတိကျကျပြောရရင် ညကြည့် night vision နဲ့ အပူပုံရိပ်ဖော် infrared sensor က မတူပါဘူး။ ပြောရရင်တော့ ဒီလိုအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့တော့ မလွယ်ဘူးဗျ” လို့ သူက ရှင်းပြပါတယ်။

စစ်တပ်က အဆင့်မြှင့်ထားတဲ့ ဒရုန်းတွေဟာ လုံးဝမလှုပ်ဘဲ ငြိမ်နေမှသာ မမြင်ရအောင် ပုံဖျက်နိုင်မှာဖြစ်ပြီး KIA တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ရည်မှန်းထားတဲ့နေရာကို ချဉ်းကပ်နေရတာဖြစ်လို့ ငြိမ်နေပြီး ပုံဖျက်‌နေလို့မရဘူးလို့ ဆိုပါတယ်။


သူကပဲ ဆက်ပြီး “အဖွဲ့တိုင်းမှာ ဒရုန်း jammer တွေ ရှိမှပဲ အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။ အစုလိုက်အပြုံလိုက် မထိအောင် ခပ်ခွာခွာနေတာမျိုးကတော့ အခြေခံအကျဆုံး ကာကွယ်နည်းတစ်ခုပါ” လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီက ဒရုန်းပိုင်းနဲ့ ပတ်သက်ရင် နည်းပညာမြင့်လာပြီး ဒရုန်းတပ်သားတွေကိုလည်း ကျွမ်းကျင်အောင် သင်ကြားပေးနေတာကို ပြသနေတာ ဖြစ်သလို ဒရုန်းဗုံးသီးဆိုတာမျိုးက သတင်းအတိအကျရတာရယ်၊ ကင်းထောက်လို့ရတာရယ်၊ တစုတဝေးတည်းနဲ့ လူများများရှိတဲ့ နေရာကို ကြဲချတာများတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

“အဖွဲ့တိုင်းမှာတော့ jammer ကို တပ်ဆင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့တော့ ကျနော်တို့ ညဘက်တွေမှာ အစုလိုက် အိပ်တာမျိုး မဟုတ်ဘဲနဲ့ နေရာတွေ ခွဲအိပ်တာမျိုး၊ ပြီးတော့ ဒရုန်းလာရင် အဖွဲ့လိုက်ကြီးပြေးတာထက် နေရာတွေကို ဖြန့်ကြဲပြီးတော့ အုပ်စုခွဲပြီးတော့ တိမ်းရှောင်တာက ပိုပြီးတော့ ကောင်းပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က အကြံပြု ပြောဆိုပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်လျက်ရှိရာ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း အပါအဝင် တပ်ရင်းဌာန ၃ ခုကို သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။

စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ အပါအဝင် ကချင်ဒေသက နေရာ ၈ခုထက်မနည်းကို တိုက်လေယာဉ်၊ အသေခံဒရုန်းတွေနဲ့ပါ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ…

ရန်ကုန်မြို့ရှိ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတာကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေရေးသားနေပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။