မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားတရားရုံးက အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိ ၂၃ ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ချိန်က အရပ်သား အစိုးရဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဝရမ်းထဲ ထည့်သွင်းထားတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း – BROUK က သတင်းထုတ်ပြန်ထားပါတယ်။
BROUK ထုတ်ပြန်ချက်ထဲမှာတော့ အာဂျင်တီးနားတရားရုံးအနေနဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဟောင်း ဦးထင်ကျော်တို့ကို ထည့်သွင်းထားတဲ့အပေါ် ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။
BROUK ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ကို ဖမ်းဝရမ်း မထုတ်ဖို့ ၂၀၂၃ ခုနှစ်က တင်ပြခဲ့ပေမယ့် အာဂျင်တီးနား တရားစွဲ ရှေ့နေတွေကတော့ သူတို့ကိုပါ ဖမ်းဝရမ်းတင်ဖို့ ၂၀၂၄ ဇွန်လမှာ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
BROUK အနေနဲ့ ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ အဆိုပါအမှုဟာ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရင်အရပ်သားအစိုးရရဲ့ အခန်းကဏ္ဍကို လွန်ဆန်တာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တိုက်ရိုက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေဖို့ အဓိကဦးတည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆီးရီးယားလိုပဲ မြန်မာပြည်သူတွေ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ပြော၊ “လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူး” ဟု ဆို

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၃)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ် ပကဖ နှင့် ပအဖ ပူးပေါင်းပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။