စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကလေးမြို့ တောင်ဘက် မိုင် ၃၀ ခန့်အကွာက ကမ်းပါးနီတပ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ၂၀ ကျော်အရှင်ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ကမ်းပါးနီ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုမှ သိမ်းဆည်းရရှိသည့် လက်နက်များ

ကလေးနဲ့ ဂန့်ဂေါအကြား တည်ရှိတဲ့ ကမ်းပါးနီ စစ်အုပ်စုစခန်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့ ထိစပ်ရာ နေရာတစ်ခုဖြစ်ပြီး စစ်အုပ်စုအတွက် အရေးပါတဲ့ စစ်တပ်စခန်း ဖြစ်ပါတယ်။

အဆိုပါတပ်စခန်း မကျရေးအတွက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ ခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကမ်းပါးနီတပ်စခန်းနဲ့ အနီးတဝိုက်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရာနဲ့ချီပြုလုပ်ခဲ့တာကြောင့် အနီးအနားဝန်းကျင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ကမ်းပါးနီ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုမှ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။