ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း စစ်တွေမြို့နဲ့ ၁၀မိုင်လောက်ဝေးတဲ့ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်နဲ့ ကျားမသောက်ကျေးရွာတို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ရခိုင်တောင်ပိုင်းမြို့တော်တွေဖြစ်တဲ့ တောင်ကုတ်နဲ့ ဂွတို့ကို သိမ်းပိုက်ထိန်းချုပ်အပြီး တစ်လအကြာမှာ AA က မြို့တော် စစ်တွေအနီးကို ရောက်ရှိခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကို လအတော်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးနောက် စတင်တိုက်ခိုက်လာတာဖြစ်ပြီး ဒေသခံတွေကိုလည်း တတ်နိုင်သမျှ စစ်ဘေးကနေ ရှောင်ရှားကြဖို့ ကြိုတင်ပန်ကြားထားတာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်က အမြင့်ကျွန်း၊ ကျားမသောက်ဂိတ်၊ အောင်မင်္ဂလာ၊ ကြွဲတဲ၊ ပါဒလိတ် စတဲ့ ဂိတ်စခန်းတွေနဲ့ အခြားတပ်ရင်းတွေကို အာရက္ခတပ်တော်က လက်နက်ကြီးအပါအဝင် စနိုက်ပါတွေနဲ့ပါ အဓိက အသုံးပြုတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အထူးသဖြင့် အမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်က အသုံးပြုခဲ့တဲ့ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဖိအားပေး တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။  

စစ်တွေမြို့အနီးဝန်းကျင်က  ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့တွေ အားလုံးကိုလည်း AA က လက်ရှိအချိန်မှာ သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ စစ်ကောင်စီတပ်ကလည်း ပင်လယ်ကမ်းရိုးတန်းထွက်ပေါက် ရေလမ်းကြောင်းကို ပိတ်ဆို့ထားသလို စစ်တွေမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ကြိုတင်ခံစစ်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီက စစ်တွေမြို့ကို တိုက်ခိုက်ရေးသင်္ဘော ၄ စီး ထပ်မံပို့ဆောင်ပြီး အင်အားဖြည့်တင်းလိုက်တယ်လို့ မြို့ခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

စစ်ကောင်စီ ထိပ်တန်းအရာရှိ မိသားစုဝင်တချို့ကိုလည်း တိုက်ပွဲတွေ မပြင်းထန်မီ ကြိုတင်ပြောင်းရွှေ့ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်ခံတပ်ရင်းတွေနဲ့ AAတို့ဟာ ကျားမသောက်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တွေအနီး ဖေဖော်ဝါရီလ ပထမပတ်က စတင်ကာ တိုက်ပွဲတွေ နေ့တိုင်း ရှိနေသလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါနဲ့ ဒရုန်းတွေကို အသုံးပြုပြီး အာရက္ခတပ်တော် တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ စစ်တွေမြို့မှာ ပွဲလမ်းသဘင် အခမ်းအနားတွေကိုတော့ စဉ်ဆက်မပြတ်ကျင်းပနေပြီး မြို့က ပုံမှန်အတိုင်း လည်ပတ်နေတဲ့ပုံစံနဲ့ စစ်ကောင်စီခန့် ဝန်ကြီးတချို့က ဝါဒဖြန့်လျက်ရှိပါတယ်။ 

AA ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့ကိုပဲ သိမ်းပိုက်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။