ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 

အဆိုပါ နိုင်ငံခြားသား ၂၆၁ ယောက်ကို ဒီနေ့ နေ့လည်ပိုင်းမှာ DKBA က ထိုင်းအစိုးရထံ ဖုတ်ဖရမြို့နယ်စပ်မှာ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီလူတွေကို ထိုင်းစစ်တပ်ကနေ ကား ၁၈ စီးနဲ့ သယ်ဆောင်သွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။ 

ကျားဖြန့်လုပ်ငန်းကနေ ပြန်လည်လွတ်မြောက်လာသူ ၂၆၁ ယောက်ထဲမှာ  ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ နီပေါ၊ ကင်ညာ၊ လာအို၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယား၊ သီရိလင်္ကာ၊ ယူဂန်ဒါ၊ ထိုင်ဝမ် စတဲ့ နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

DKBA  တပ်ဖွဲ့ဟာ သူတို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်မြို့မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်တွေအားလုံးကိုလည်း အခု ဖေဖော်ဝါရီလကုန်မှာ မြို့ထဲကနေ ထွက်ခွာပေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရဟာ ကျားဖြန့်လုပ်ငန်းတွေရှိရာ ရွှေကုက္ကိုလ်မြို့ကို အဓိက ချုပ်ကိုင်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ အပေါင်းအပါတွေကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ AEC News၊ K.N.M)

0 Shares:
You May Also Like
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။