ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး – KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်မှာ မြန်မာပြည်မှာရှိတဲ့ ကရင်ဒေသအသီးသီးက လူထုအင်အား (၄၅၄,၁၀၀) ခန့်ဟာ ဖဆပလအစိုးရကို

“၁။ ကရင်ပြည်ချက်ချင်ပေး

၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။

၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။

၄။ ပြည်တွင်းစစ်အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံ ပိုစတာ (၄) ခုကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး အဲ့ဒီနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားတွေရဲ့ ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့တဲ့ အဲ့ဒီဆန္ဒပြပွဲဟာ အနာဂတ်နိုင်ငံတော်ကြီးကို တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟို အမြဲတမ်းကော်မတီဝင်တွေ၊ ဗဟို ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခေါင်းဆောင်တွေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေခဲ့…

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ထုတ်ပြန်ထားပါတယ်။
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။
Read More

KIA ၏ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) ပါဝင်တိုက်ပွဲဝင်ခဲ့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ ရိက္ခာထုတ်ပြန်လာတဲ့ စစ်အုပ်စုကားတန်းကို ပကဖ တပ်တွေ ကြားဖြတ်တိုက်ခိုက်၊ ကား ၁ စီး မီးရှို့ဖျက်ဆီးပြီး စားဆီပုံးတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ​ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတန်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးကာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၅) တပ်ဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်၊ တပ်ရင်းအမှတ် ၅ နဲ့ ဗဟိုကော်မတီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို KNDF က ထုတ်ပြန်လာပါတယ်။