အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်နဲ့ ပတ်သက်လို့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်စာတွေဟာ အတုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော  အထက်ပါ စာများသည် အတုများဖြစ်ကြောင်း အသိပေးအပ်ပါသည် ” ဆိုတဲ့ စာသားနဲ့ ထုတ်ပြန်ချက်အတု ပုံ ၂ပုံကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ ရာထူးကနေ နုတ်ထွက်ကြောင်း ဖေဖော်ဝါရီ ၁၀ရက် ဒီနေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားတာ ဖြစ်ပါတယ်။

” MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။” လို့ ဦးနိုင်ထူးအောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မှိုကောက်ရင်း မိုင်းနင်းမိသည့် နမ့်ခမ်းမှ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ဒေသခံ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံရဲ့ ပြောကြားချက်ကို ကိုးကားပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းက မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။