လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

မနေ့က ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားလိုက်တာပါ။

ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်တွေကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားအောင် လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေပြီး  “ဒါတွေဟာ နိုင်ငံအကျိုးပျက်စီးစေမယ့် ကြံဆောင်မှုတွေ” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက်ပေးနေပြီး ဒို့တာဝန်အရေးသုံးပါးဟာ အလိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံး အမျိုးသားရေးတာဝန်လို့လည်း မင်းအောင်လှိုင်က ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။ 

အနုပညာရှင်တွေအနေနဲ့လည်း   နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူတွေရဲ့  အတွေးအခေါ်၊ အယူအဆတွေ မှန်ကန်လာစေဖို့၊ နိုင်ငံအကျိုးအတွက် ပြည်သူတရပ်လုံး ပါဝင်လာအောင် ထိရောက်တဲ့ အနုပညာ စွမ်းပကားနဲ့ ဆောင်ရွက်ပေးဖို့ မင်းအောင်လှိုင်က ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ စစ်အာဏာသိမ်းစဉ်က သူ့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ခဲ့လို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ အနုပညာရှင်များစွာလည်း ရှိခဲ့ပါတယ်။

လွတ်လပ်စွာ အနုပညာ ဖန်တီးရိုက်ကူးခွင့်တွေဟာ စစ်ကောင်စီလက်ထက်မှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးနဲ့ အပေါင်းအပါတွေက နေရာယူလုပ်ကိုင်မှုတွေ ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးရင်း လက်နက်ကြီးပစ်လို့ ဒေသခံ ၁ ဦး သေဆုံး၊ စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။