ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူမျိုးရေးတင်းမာမှုတွေ ရင်ဆိုင်နေရပြီး တချို့သော လက်နက်ကိုင်အဖွဲ့တွေအတွက် ဝင်ငွေရရှိမှုတစိတ်တပိုင်းက ငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးမှောင်ခိုကွန်ရက်တွေဆီက ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ “မူလဇစ်မြစ်ကို မဖြေရှင်းမချင်း ပြဿနာက ပြီးမှာ မဟုတ်ဘူး” လို့လည်း သက်ဆင်က ပြောပါသေးတယ်။

“[မြန်မာပြည်က] လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ အဲဒီ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဆက်ပြီးမပံ့ပိုးပေးသင့်တော့ဘူးဆိုတာကို သဘောပေါက်သင့်တယ်” လို့လည်း သူက ဆိုပါတယ်။

“ငွေလိမ်သမားတွေကို (မြန်မာ) နိုင်ငံတွင်းကနေ ဖယ်ရှားလိုက်မယ်ဆိုရင် လျှပ်စစ်နဲ့ အင်တာနက် ရောင်းချတာတွေ ကျနော်တို့ ပြန်ပြီးဖွင့်ပေးမှာဖြစ်တယ်” လို့ သူက ပြောပါသေးတယ်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် (ဓာတ်ပုံ Bangkok Post)

သက်ဆင်ဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာရဲ့ ဖခင်ဖြစ်သလို၊ သူမဦးဆောင်တဲ့ အာဏာရ ဖြူထိုင်းပါတီရဲ့ တကယ့်လက်တွေ့ De Facto ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်လို့ အများက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

မြန်မာမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုပြီး ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ် နေရာငါးခုကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာတင်ပို့မှု ရပ်တန့်လိုက်ပါတယ်။

ထိုင်းက ဓာတ်အားဖြတ်တောက်ပြီးတဲ့နောက်မှာ လာအိုကနေ ဓာတ်အားဝယ်ယူတဲ့ မြန်မာရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ သက်ဆင်က အဲဒီနေရာမှာ လျှပ်စစ်ဓာတ်အား မထုတ်လုပ်နိုင်အောင် လောင်စာတင်ပို့မှုလည်း ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့က အဆောက်အဦးတစ်ခုရဲ့ ၂၅ လွှာမှာ အဓိကကျတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခု လည်ပတ်နေကြောင်း သတင်းရရှိထားတယ်လို့လည်း သူက ပြောပါသေးတယ်။

“ကမ္ဘောဒီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ ကြိုးပမ်းမှာပါ” “အဆောက်အအုံပိုင်ရှင်က ဘယ်သူလဲဆိုတာ ကျနော်တို့ သိပါတယ်။ သူက ထိုင်းနိုင်ငံသား ခံယူထားသူလည်း ဖြစ်ပါတယ်။ အချိန်ကျရင် ထိုင်းနိုင်ငံသားဖြစ်မှုကို ပြန်လည်ရုတ်သိမ်းမှာပါ” လို့ သူက ပြောဆိုထားပါတယ်။

မူရင်းသတင်း – Thaksin urges Myanmar communities to boot out scam centres 

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

မတရား ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းဖို့ နိုင်ငံပေါင်း ၉ နိုင်ငံ တောင်းဆို

အရေးပါတဲ့သူတွေ အားလုံးပါဝင်ပြီး စစ်မှန်၊ မျှတ၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးနဲ့  မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့  အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၉နိုင်ငံက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။