စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၈ရက်၊ မနေ့က နေ့လည်ပိုင်းမှာ နတ်ရေကန် အကြမ်းဖက်စခန်းကနေ လမ်းပိုင်းလုံခြုံရေးယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုပြီး မိုင်းဆွဲခဲ့တယ်လို့ Snipe Rangers Force (Local – PDF) ရဲ့တာဝန်ခံ ရဲဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

“စခတွေက အန်စာတုံး ၂စီး Express ၁စီးနဲ့ လာကြတာ။ ချောဆွဲလာတာဆိုတော့ ပြည်သူတွေမပါဘူး။ သူတို့ပဲပါတယ်။ ခန့်မှန်းအင်အား ၅၀ လောက်ပါမယ်။ လက်နက်အပြည့်အစုံအပြင် လက်နက်ကြီးတွေရောပဲ။ အဲ့ဒါသူတို့တွေ နတ်ရေကန်နဲ့ ရေပိုးစားဇရပ် (အရပ်အခေါ်) နားအရောက်မှာ ကားတွေရပ်ပြီး ဆင်းကြတယ်။ အဲ့ဒီနောက် ကားတွေထွက်သွားတော့မှပဲ ကျနော်တို့ မိုင်းဆွဲခဲ့တာပါ။ လက်လုံးမိုင်းအလုံးရေ ၁၅လုံးလောက် သုံးခဲ့ပါတယ်။” လို့ Snipe Rangers Force (Local – PDF) ရဲ့တာဝန်ခံ ရဲဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက် နေရာမှာတင် လဲကျသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေက တော်လှန်ရေးတပ်တွေရှိရာကို လက်နက်ငယ်တွေနဲ့ နောက်ကနေ လိုက်လံပစ်ခတ်ခဲ့သလို ၆၀ မမ ၅ လုံးနဲ့လည်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိကြောင်း ရဲဘော်ဆလိုင်းက ပြောခဲ့ပါတယ်။

 “ဒီကောင်တွေရဲ့ ရည်ရွယ်ချက်က ရှင်းတယ်။ ခဏခဏ ကင်းပုန်းထွက််မယ်။ လက်နက်ကြီး ရမ်းထုမယ်။ ပြောရရင် လမ်းကြောတစ်ခုလုံးကို ထိန်းချုပ်ထားချင်တဲ့ ပုံစံမျိုးမှာ ရှိတယ် ။ ဒါကြောင့် နေ့စဥ်နဲ့အမျှ ဒီလမ်းကြောပေါ်ကို စစ်ဆေးတဲ့သဘောမျိုးလုပ်သလို ခြေကုပ်ယူနိုင်ဖို့အတွက်လည်း ကြိုးစားနေတဲ့ပုံပါ။” လို့ Snipe Rangers Force (Local – PDF) ရဲ့တာဝန်ခံ ရဲဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

ဒီမိုင်းဆွဲ တိုက်ခိုက်မူကို Snipe Rangers Force (Local – PDF) နဲ့အတူ PGC (မြင်းမူ) နဲ့ ရပ်ကျေး ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက်ပိုင်းကပဲ ချောင်းဦး-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကြောင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား၁ယောက်သေကာ အများအပြား ထိခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။