မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
တရုတ်သံတမန်နဲ့ တွေ့ဆုံမှုအတွင်း လာအိုစွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီး Phoxay Sayasone က အခုလိုပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုတွေ တိုက်ဖျက်ဖို့ပြသနဲ့အနေနဲ့ အခုလိုလုပ်ဆောင်တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြီးခဲ့တဲ့လကစပြီး တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေ တွေ့ဆုံမှုတွေ ခပ်စိတ်စိတ်ဖြစ်ခဲ့ပြီးနောက်ပိုင်း တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူစတဲ့ မြန်မာနယ်စပ်နေရာငါးခုကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဓာတ်အားနဲ့ လောင်စာတွေ စတင်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ဓာတ်အားဖြတ်တောက်မှုခံခဲ့ရပြီးတဲ့နောက် တာချီလိတ်မြို့ဟာ ဓာတ်အားရရှိရေး ထိုင်းအစား လာအိုထံကနေ တင်သွင်းမှာဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လာအိုအနေနဲ့လည်း တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အားစီးဆင်းမှု ကန့်သတ်ဖို့ အစီအမံတွေ လုပ်ဆောင်နေကြောင်း၊ ပြည်သူတွေရဲ့ အသက်မွေးလုပ်ငန်းတွေကလွဲလို့ တခြားလုပ်ငန်းတွေ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုလို ရာဇဝတ်လုပ်ငန်းတွေအတွက် သုံးစွဲခွင့်မပြုကြောင်း ဝန်ကြီး Sayasone က လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Fang Hong နဲ့ တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။
လာအိုအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့ အနီးကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်မယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ကတိပြုကြောင်း Phoxay က ဆိုပါတယ်။
တရုတ်သံအမတ် Fang ကလည်း နိုင်ငံဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေးက ဒေသတွင်း နိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို လာအိုအပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးတွဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
News-China-org/PhotoEDL-LAOS
0 Shares:
You May Also Like
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။