ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထားရှိရာ မြောက်ဦးပြတိုက်ကို စစ်ကောင်စီ တိုက်ခိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြင်းထန်စွာရှုံ့ချသလို အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ဦးယဉ်ကျေးမှုဒေသကိို ကမ္ဘာ့ (World Heritage) စာရင်းဝင်ဖို့ အဆိုပြုထားပေမယ့် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ကို AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှာ မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

(ဓာတ်ပုံ Golden Era Media)

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သား၁၂ယောက် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ သံမဏိစက်ရုံကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ Myingyan District Battalion - 2 ထံက သိရပါတယ်။ 
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုင်းငေါ့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။