ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်းမှာ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ပေါင် ၅၀၀ ဗုံးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီက နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ စစ်ရေးအသိ၊ စစ်ရေး သတိရှိဖို့ Bawlakhe PDF က သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။