ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲချမှုကြောင့် ဘုရားကုန်းပေါ်ရှိ စေတီတော်ပျက်စီးခဲ့ပြီး အနီးနား ဖြတ်သန်းသွားတဲ့ ကြံကား မောင်းနှင်သူ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ် ရဲစခန်းနဲ့ လက်ဖက်ရည်ဆိုင်အနီးကို စစ်ကောင်စီတပ်လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း နောင်ချိုမြို့ကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တပ် ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရှိ စစ်ကော်မရှင်ရဲ့ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Spicy Bar မှာ မတ်လ ၂၈ ရက်က  ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကြောင့် လူမှု ကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်မှုမြင့်တက်လျက်ရှိပါတယ်။