စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ သံပြားကာစစ်ယာဉ်  ၅ စီးကို မိုင်းကွင်းထဲအရောက် တတိယသံပြားကာယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စက်ချို့ယွင်းပြီး ထိုးရပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တန်းပေါ်က စစ်သားတွေဆင်းလာပြီး ခရီးသွားယာဉ်တွေကို တားဆီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ငွေကမ္ဘာမင်း ဆီဆိုင်အနီး ခရီးသွားယာဉ်တွေကို အကာအကွယ်ယူကာ ကားလမ်းမကြီးအတိုင်း ခြေလျင်စစ်ကြောင်းထိုးခဲ့ပါတယ်။ အဲဒီစစ်သားတွေ သန်လွင်မြန်မာ စက်သုံးဆီဆိုင်ဟောင်းအတွင်း ဝင်ရောက်တပ်စွဲနေချိန် ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅  ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီ‌နောက် မုံရွာ-ပခုက္ကူ-မန္တလေးလမ်းဆုံအနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပကဖ ဒရုန်း လက်ရုံးတပ်၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်း၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ -၃၊ ငမိုးရိပ်စစ်ကြောင်း (Nga Moe Yeik column)၊ နွေဦးညီအကိုများ စစ်ကြောင်း (Nway Oo Brothers column)၊ Eleven People Defense Force နဲ့ Royal Tiger Force (ဆားလင်းကြီး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် PDF ရဲဘော် ၃ ဦး၏ နာရေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ PDF ရဲဘော် ၃ ယောက်ရဲ့ နာရေးစျာပန ပြုလုပ်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် ထန်းဘူးတော စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘူးတောအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Myaing Garuda People's Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။