စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ် ၄ စီးကို ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်း ၇ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်က အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Royal Tiger Force (ဆားလင်းကြီး)၊ Eleven People Defense Force၊  မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း ၊ တပ်ခွဲ -၃၊  Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) နဲ့  Nga Moe Yeik Column (ငမိုးရိပ်စစ်ကြောင်း)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်လာသည့် စစ်သား ၃ ဦးကို ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို 5/ Commando Force က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျီးကုန်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံ ပြည်သူ ၃ ယောက်ကို သတ်ခဲ့ပြီး ဒီဇင်ဘာ ၈ရက်မှာလည်း ကျီကုန်းကျေးရွာရှိ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
Read More

လွိုင်ကော်မြို့ မြကလပ်တောင်တော်ပေါ်ရှိ စစ်တပ်စခန်းကို ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်-သရက်ချောင်းကားလမ်းပိုင်း ရွှေဂူတောင်ကျောင်းပေါ်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၄ ‌ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်-သရက်ချောင်းကားလမ်းပိုင်းရှိ ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။