စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ရက်၊ မနက်ပိုင်းက အရာတော်မြို့ တောင်ဘက် ငွေတွင်းကျေးရွာက ထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးအဖွဲ့တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“၂ ရက်နေ့ ၊ ၉ နာရီလောက်မှာ သူတို့ (စစ်အုပ်စု) က  ငွေတွင်းရွာ ပတ်ချာလည်ကို ကင်းလှည့်လာတာနဲ့ ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ အင်အား ၄၀လောက်တော့ ပါပါမယ်။ ထိခိုက်သေဆုံးမှုတွေက ရှေ့တန်းသတင်းရင်းမြစ်ရော နယ်မြေရင်းမြစ်တွေရောက အတည်ပြုထားတာပါ။” လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဆင်နွှဲနေစဉ်

နာရီဝက်အကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ပျူစောထီး ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ဗျူဟာ (၆၆) စစ်ကြောင်းတွေဖြစ်တဲ့ (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊ ၂၁၊ ၂၆) တို့နဲ့အတူ အရာတော်မြို့နယ်ပကဖအဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

အရာတော်မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ငွေတွင်းကျေးရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ မဘသ ပျူစောထီးခေါင်းဆောင် ကျော်ဇေရဲ့ဦးဆောင်မှုနဲ့အတူ ပျူစောထီးတပ်ဖွဲ့စည်းထားတဲ့ ကျေးရွာဖြစ်ပြီး အရပ်သားတွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာကို ခိုလှုံပြောင်းရွှေ့နေထိုင်ကြောင်းသိရပါတယ်။

လက်ရှိမှာ ငွေတွင်းကျေးရွာအတွင်း စစ်ကောင်စီတပ်စိတ်တစ်စိပ်အပါအဝင် အင်အား ၇၀ ကျော်လောက်နဲ့ တပ်စွဲထားတယ်လို့လည်း  မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉ ၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ် အာဏာပြန်အပ်ကာ ဆက်အုပ်ချုပ်မည်၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ညိုစောကို ခန့်အပ်

ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်လည်အပ်နှံပြီးနောက် ယာယီသမ္မတ (တာဝန်) အဖြစ် မင်းအောင်လှိုင်ကိုပဲ ပြန်လည်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဟာ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ယောက်သေပြီး ၃ ယောက် အရှင်ဖမ်းမိ…

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။