KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။

မဲပလီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ ရက် နေ့လည်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းတွေထဲက သူရိယစစ်ကြောင်း၊၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၄၀၅ က ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတပ်ကြပ် လှမျိုးနိုင်၊ တပ်သား အာကာ၊ တပ်သား ကျော်မြင့်၊ တပ်ကြပ် ကိုသက်၊ ဒုတပ်ကြပ် ကျော်ကျော်၊ တပ်သား သန်းစိုးအောင်၊ တပ်သား စောအယ်ဒိုထူး၊ တပ်သား ဇော်ပိုင်၊ တပ်သား ကျော်မင်းဦး၊ တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊ တပ်ကြပ်ကြီးကျော်ခိုင် အပါအဝင် စစ်သား ၄၀ ခန့် သေဆုံးပြီး စကခ ၈ ဒုဗိုလ်မှူးကြီး တင့်လွင်ဦး၊ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် အယောက် ၂၀ ခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

စကခ ၈ က စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကာ ထွက်ပြေးလွတ်မြောက်နေတဲ့ မဲပလီဗျူဟာမှူးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက လိုက်လံချေမှုန်းလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်အောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေ စခန်းချနေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်အောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေ စခန်းချနေရာ (စီမံကိန်း‌ဟောင်း)ကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Nway Oo Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒီမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ချေမှုန်းခံရ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁ က ထုတ်ပြန်လိုက်ပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။