ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

မဲပလီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နဲ့ Force for Federal Democracy (FFD) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ အဲဒီဗျူဟာစခန်းကနေ ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ စစ်သုံ့ပန်း ၂ ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားသည့် မိန့်ခွန်း (ရုပ်/သံ)

''ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့်နေရာယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြည့်ဆည်းကြမယ်"
Read More

ချောင်းဦးမြို့နယ်အတွင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပ.က.ဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။