စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၁ ရက်နေ့က စိမ့်တောရဘုန်းကြီးကျောင်းအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး သက်တော် ၅၀ ကျော်၊ ဝါတော် ၃၀ ရှိတဲ့ ကျောင်းထိုင်ဆရာတော်ပျံလွန်တော် မူခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်ကောင်စီအထိုင်ချထားတဲ့ ဘုတလင်က ထွေအုပ်၊ ရဲစခန်း နဲ့ ဘောလုံးကွင်းနေရာတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ လက်ရုံးတပ် က စစ်ဆင်ရေး ဆောင်ရွက်စဉ်

ဒါ့ကြောင့်  စစ်ကောင်စီဘက်က ပြန်လည်ပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လာခြင်းဖြစ်တယ်လို့  ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ လက်ရုံးတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး သာသနိက အဆောက်အအုံတချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။