KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် အပါအဝင် စုစုပေါင်း တပ်ရင်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်ခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကနဦး သိမ်းပိုက်ရရှိမှုအဖြစ် အမှတ် (၃၆၆) အမြောက်တပ်ရင်းဌာနချုပ်နဲ့ အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့  KIA  စစ်ရေးသတင်းရင်းမြစ်တစ်ခုဆီက သိရပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း  KIA ဟာ စကခ (၂၁) အနီးကသံချပ်ကာတပ်ရင်း အပါအဝင် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာမဍတွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ဗန်းမော်မြို့တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်စခန်းနဲ့ ဗျုဟာကုန်းအချို့ ကျန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ကိုသိမ်းပိုက်ဖို့ အနည်းငယ်ကျန်ရှိနေတာဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဆပ်နွှဲခဲ့ရာ တိုက်ပွဲဟာ၂လနီးပါး ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့  အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ထားတဲ့ မြို့ ဖြစ်ပါတယ်။

KIA ဟာ ကချင်ပြည်နယ်အတွင်း မြို့​ပေါင်း ၁၄ မြို့နဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ မဘိမ်းမြို့ နဲ့ နမ့်ဖက်ကာဗျူဟာတို့ကို သိမ်းပိုက်ထားပြီး ၁၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၊ ၁၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
Read More

ဗန်းမော်သို့ စစ်ကူသွားသည့် စစ်ကောင်စီရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ၊ ၁ စီး ပျက်ကျပြီး ကျန် ၁စီး ထိမှန်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ်ရှိ သထုံခရိုင် ပကဖ နှင့် PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်းထွက်ခွာ

မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။