စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆားတောင်မြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေက ၈၁ မမ လက်နက်ကြီးတွေနဲ့ ပြန်ပြီး ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Royal Falcon Guerilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နဲ့ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူများ၏ လိုလားချက်စာရင်းကို ကိုင်ပြီး စစ်ခေါင်းဆောင်နှင့် ဆွေးနွေးမည်ဟု မလေးရှား ပြော

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အာဆီယံရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တွန်းနှိုးတဲ့အနေနဲ့ လာမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာအစောပိုင်းမှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သူစုစည်းထားတဲ့ “လိုလားချက်စာရင်း” နဲ့အတူ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ Free Malaysia Today သတင်းမှာ ရေးသားထားပါတယ်။
Read More

DKBA ပိုင်နက်ထဲ နိုင်ငံခြားသားများအပါ ကျားဖြန့်လုပ်သား ၂၀၀၀ ကျော်တွေ့၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းလိုဟု KNU ထုတ်ပြန်

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။