မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကာ အရေအတွက်သိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှု ၄ နှစ်ပြည့်အနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်အောက်ခံတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။